ဖုန်းတွေမှာပါတဲ့ Call Waiting ဆိုတဲ့စနစ်မှာက ဖုန်းပြောနေတုန်းမှာ အခြားနောက်ထပ်ဖုန်းတစ်လုံးက ၀င်လာခဲ

ကျပ်ငါးသိန်းဖုန်းကြိုတင်ငွေဖြည့်ကတ်များ ငွေဖြည့်ရာတွင် Error အချို့ရှိနေ

ကျပ်ငါးသိန်းဖုန်းများတွင် ထည့်သွင်းအသုံးပြုလျက်ရှိသော ကြိုတင်ငွေဖြည့်ကတ်များတွင် ငွေဖြည့်သွင်းရာ၌ Error အချို့ရှိကြောင်းသိရသည်။ ကျပ်ငါးသိန်း

ကြိုတင်ငွေဖြည့်ကတ်များတွင် ဖုန်းအတွင်းသို့ငွေဖြည့်သွင်းရာတွင် ငွေအပြည့်မ၀င်သော ပြဿနာအချို့ရှိနေကြောင်းသိရသည်။ အဆိုပါအကြောင်းအရာများနှင့်ပတ်သက်၍ မိုဘိုင်းဖုန်းများ ရောင်းချပေးလျက်ရှိသော ၄၅၀ မိုဘိုင်းဖုန်းအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးမှပြောပြရာတွင် “ကျွန်မတို့ဆိုင်မှာ ဖုန်းလာဝယ်တဲ့ Customer တစ်ယောက်က ဖုန်းဝယ်ရင်းနဲ့ငွေဖြည့်ကတ်ကိုပါ တစ်ခါတည်းဝယ်ပါတယ်။ ပြီးတော့ သူ့ကတ်က အသစ်ဖြစ်နေတဲ့အတွက် ကတ်လည်းတစ်ခါတည်းချိုးပြီး ထည့်ခိုင်းပါတယ်။ ကတ်ကိုထည့်ပြီးလို့ ငွေဖြည့်ကတ်နံပါတ် ရိုက်ထည့်လိုက်တဲ့အချိန်မှာ ကျပ်တစ်သောင်းကတ်က ကျပ်တစ်သောင်းမ၀င်ပဲ ကျပ် ၆,၅၀၀ဆိုပြီးတော့ Message ပြန်ဝင်လာပါတယ်။ အဲဒီအချိန်မှာ Customer ကလည်း ဒါသုံးပြီးသားကတ်ကြီးကို ထည့်ပေးတာလားဆိုပြီးတော့ မေးပါတယ်။ တကယ်တော့ ဒီကတ်တွေက ကိုယ်လိုသလောက်ငွေကိုဖဲ့ပြီး ထည့်သုံးလို့ရတဲ့ကတ်တွေ မဟုတ်ပါဘူး။ ဒါပေမယ့်အဲလို Error တက်လာတော့ Customer နဲ့စကားတွေပြောရပါတယ်။ နောက်တစ်ခေါက်ထပ်ရိုက်ထည့်လိုက်တော့မှပဲ ကျပ်တစ်သောင်းဆိုပြီးတော့ ငွေအပြည့်ကိုပြပါတယ်” ဟုပြောသည်။ ထို့ပြင် ကျပ်ငါးသိန်း ကြိုတင်ငွေဖြည့်ကတ်အသုံးပြုသူ ကိုဝင်းနောင်မှပြောပြရာတွင်လည်း “ကျွန်တော်ဖုန်းထဲကို တစ်သောင်းတန်ကတ် တစ်ကတ် ထည့်လိုက်ပါတယ်။ ငွေဖြည့်ကတ်နံပါတ်တွေကိုနှိပ်ပြီးတဲ့အချိန်မှာ ဖုန်းထဲကိုငွေက ခုနှစ်ထောင့်နှစ်ရာပဲဝင်လာပါတယ်။ အဲဒါနဲ့ ပြန်စစ်လိုက်ပါတယ်။ ၇၂၀၀ လို့ပဲပြန်ပို့ပေးပါတယ်။ အဲဒါဘယ်လိုဖြစ်တာလဲလို့ဆိုပြီး ကတ်ဝယ်တဲ့ဆိုင်ကို သွားပြန်မေးတော့ နောက်တစ်ကြိမ်ထပ်ရိုက်ကြည့်လိုက်ပါဆိုလို့ ထပ်ရိုက်လိုက်တော့ အဆင်ပြေသွားပါတယ်” ဟုပြောသည်။ ယင်းအခက်အခဲများနှင့်ပတ်သက်၍ ကျပ်ငါးသိန်းဖုန်းကြိုတင်ငွေဖြည့်ကတ်များ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော Elite Tech ကုမ္ပဏီမှ တာဝန်ရှိသူများမှလည်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ယင်းကဲ့သို့ ငွေဖြည့်တင်းခြင်းတွင် Error ဖြစ်ပေါ်နေရခြင်းမှာ ငွေဖြည့် Server များမှပြန်လည်ပေးပို့သော Message များ လွဲမှားခြင်းများကြောင့်လည်းဖြစ်နိုင်ကြောင်းပြောပြသည်။ ထို့ပြင် အသုံးပြုသူများအနေဖြင့် မိမိတို့ဖုန်းများတွင် ဖုန်းဘီလ်များ သတ်မှတ်ကျသင့်နှုန်းများထက် ပိုမိုကျသင့်နေခြင်းများမှာလည်း ငွေဖြည့် Server များမှ ပြန်လည်စစ်ဆေးပေးပို့သော အချက်အလက်များ လွဲမှားသွားခြင်းကြောင့်ဖြစ်နိုင်ကြောင်း တာဝန်ရှိသူများမှ သုံးသပ်ပြောပြကြသည်။ ယင်းအခက်အခဲများအား ဖြေရှင်းဆောင်ရွက်ပေးသွားနိုင်ရန်အတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ရေးသားသူ - ကိုသက်





No comments:

Post a Comment