facebook မှ မကြာသေးမီကထည့်သွင်းပေးခဲ့တဲ့ video chat အသုံးပြုနည်းဖြစ်ပါတယ်။video chat ကို facebook အသုံးပြုသူအားလုံးမှအသုံးပြုနိုင်ရန် ပြီးခဲ့သည့် ရက်သတ္တပတ် အနည်းငယ်က facebook မှစတင်ထည့်သွင်းပေးခဲ့ပြီး အသုံးပြုလို့မရသေး သူများအနေဖြင့် ဒီလင့် (http;//www.facebook.com/videocalling)မှာ သွားရောက်ပြီး Get Started ကိုနှိပ်ကာ အောက်ဖေါ်ပြပါ အဆင့် အနည်းအတိုင်းပြု လုပ်ပေးခြင်းဖြင့် အသုံးပြု နိုင်ပါသည်။
(၁)Facebook ရဲ့ video chat feature ဟာ Facebook ရဲ့ built-in chat စနှစ်နဲ့ချိတ်ဆက်ထားခြင်းဖြစ်ပါသည်၊ ဒါကြောင့် video chat ပြု လုပ်လိုပါက မထမဦးဆုံးအနေနဲ့ chat siderbar ရှိ တစ်စုံတစ်ယောက်ရဲ့အမည်ကိုရွေးပြီး messaging session ကိုဖွင့်ပါ။
(၂)Chat window ရဲ့အပေါ်ညာထောင့်လေးမှာ video icon ကိုတွေ့ပါက နှိပ်ပါ၊ ပေါ်လာတဲ့ box မှာ webcam နဲ့ microphone ကိုချိတ်ဆက်ရန်အတွက် လိုအပ်တဲ့ဆော့ဖ်ဝဲဖြစ်တဲ့ Facebook Video Call Setup ဖိုင်ကို download လုပ်ရန် Set up ကိုနှိပ်ပါ၊
(၃)Download လုပ်ပြီးပါက install လုပ်ပါ။ install လုပ်ပြီးတဲ့အခါမှာ video chat ပြုလုပ်လိုသူရဲ့ အမည်ကိုနှိပ်ပြီး chat window ရှိ video icon ကိုနှိပ်ပါ၊ တစ်ဖက်မှ အသုံးပြုသူက လက်ခံပြီးတဲ့အခါမှာ ခေါ်ဆိုသူနဲ့ လက်ခံသူနှစ်ဦးစလုံးကို pop up window မှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်၊
(၄)အသံအနေနဲ့ video window ရဲ့အောက်ခြေရှိ bar ကိုနှိပ်ပြီး အသုံးပြု နိုင်ပါသည်၊
(၅)Video Chat ပြုလုပ်မှု့ရပ်ဆိုင်းလိုရင်တော့ video window ထောင့်ဘက်ရှ(x)ခလုတ်ကိုနှိပ်လိုက်ပါ
အားလုံးဘဲ့အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။
်

No comments:
Post a Comment