ဖုန်းတွေမှာပါတဲ့ Call Waiting ဆိုတဲ့စနစ်မှာက ဖုန်းပြောနေတုန်းမှာ အခြားနောက်ထပ်ဖုန်းတစ်လုံးက ၀င်လာခဲ

မိုဘိုင်းမေး။ဖြေ

ဖုန်းတွေရဲ့ Memory Card တွေမှာ up to 8GB လို့ရေးထားပါတယ်။ ဒါပေမယ့် 8GB Card ကိုပဲထပ်ထည့်တာ ဖုန်းကအလုပ်မလုပ်ပဲ ခဏခဏဟန်းနေပါတယ်။ အဲဒါဘာကြောင့်ပါလဲ။
ဖုန်းတွေရဲ့ Memory ကိုထပ်တိုးတဲ့နေရာမှာ ဖုန်းက up to 8GB လို့ရေးထားပေမယ့် အဲဒီ 8GB ထိပြည့်အောင် ထည့်သုံးလို့မရနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူက up to 8GB လို့ရေးထားတာက ဖုန်းဟာ
8GB ထိ detect သိတယ်လို့ပြောထားတာပါ။ 8GB ကိုကျော်ရင်တော့ ဖုန်းက Memory Card ကို လုံးဝကိုမသိတော့ပါဘူး။ အဲဒီအတွက် ဖုန်းမှာနောက်ထပ်မှတ်ဉာဏ်ထပ်တိုးချင်တယ်ဆိုရင်တော့ သူသတ်မှတ်
ထားတာ 8GB ဆိုရင်တော့ 4GB လောက်ထိပဲ ထပ်ထည့်သင့်ပါတယ်။ တစ်ဝက်လောက်ပဲ ထပ်တိုးသင့်ပါတယ်။ ဒါဆိုရင်တော့ ဖုန်းက ကိုယ်လိုချင်တဲ့ Speed နဲ့ Command တွေကို စိတ်ကြိုက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Sony Ericsson ဖုန်းမှာ အရင်က Computer USB နဲ့ ဘက်ထရီအားသွင်းရင် Charger သွင်းနေတာကိုမြင်ရပါတယ်။ ဒါပေမယ့်ခုတော့ မမြင်ရတော့ပါဘူး။ အဲဒါဘာကြောင့်ပါလဲ။ ဘယ်လိုလုပ်ရင် ပြန်ပေါ်လာပါမလဲ။
Sony Ericsson ဖုန်းတွေမှာ USB စနစ်နဲ့အားသွင်းလို့ Charger သွင်းနေတာကို မမြင်ရဘူးဆိုရင်တော့ USB Charger Function သွားဖွင့်မှရပါမယ်။ အဲဒီလိုသွားဖွင့်ချင်တယ်ဆိုရင်တော့ Service Setting ထဲမှာ USB Charger  စနစ်ကိုဖွင့်ဖို့အတွက် ဖုန်းရဲ့ Setting ထဲမှာလုပ်လို့မရပါဘူး။ ဒီစနစ်ကိုဖွင့်ချင်တယ်ဆိုရင်တော့ ဖုန်းမှာရှိတဲ့ ညာဖက်ခလုတ်ကိုတစ်ချက်နှိပ်ပါ ပြီးရင် * ဘယ်ဖက်ခလုတ်ကိုနှစ်ချက်နှိပ်ပါ ပြီးရင် * တစ်ချက်နှိပ်ပါပြီးရင် ဘယ်တစ်ချက်နှိပ်ပြီး * ကိုနှိပ်ပါ။ ညာ * ဘယ်ဘယ် * ဘယ် * ပါ။ ဒါဆိုရင်တော့ Service Setting ပေါ်လာပါလိမ့်မယ်။ Service Setting ထဲမှာ USB Charger Setting မှာ on/off မှာ on လုပ်လိုက်ရင်ရပါပြီ။

လက်ရှိလူသုံးများနေတဲ့ဖုန်းတွေရဲ့ Keypad Unlock Code တွေကိုသိချင်ပါတယ်။
လက်ရှိလူသုံးများနေတဲ့ Keypad Unlock Code တွေကတော့ Nokia မှာဆိုရင် 12345, Sony Ericsson မှာဆိုရင် 0000, Samsung မှာဆိုရင် 0000 (or) 00000000, Motorola မှာဆိုရင် 0000, Huawai မှာဆိုရင် 000000  ဖြစ်ပါတယ်။

မိုဘိုင်းအမေးအဖြေကဏ္ဍ(1)

ဖုန်းတွေမှာ Original ပါတဲ့ Memory Card တွေနဲ့ အပြင်ကနေ နောက်ထပ်ဝယ်တဲ့ကတ်တွေ ဘယ်ဟာက ပိုကောင်းပါသလဲ။ Original ကတ်တွေကိုရော ၀ယ်လို့ရနိုင်ပါသလား။
ဖုန်းမှာ Original ပါလာတဲ့ Memory Card တွေက ကောင်းတယ်ဆိုတာမှန်ပါတယ်။ အပြင်က၀ယ်တဲ့ကတ်တွေထဲမှာလည်း အမျိုးအစားကောင်းကောင်းတွေ ရှိပါတယ်။ Original ကတ်တွေကိုပဲ ၀ယ်ချင်တယ်ဆိုရင်လည်း ၀ယ်လို့ရနိုင်ပါတယ်။

ဖုန်းရဲ့ Content List ထဲမှာ ရှိနေတဲ့အရာတွေကို အခြားဖုန်းတစ်လုံးထဲကို အလွယ်တကူ ဘယ်လိုရွှေ့ပြောင်းလို့ရနိုင်ပါသလဲ။
ဖုန်းရဲ့ Content List ထဲမှာရှိနေတဲ့ မြောက်မြားလှတဲ့ Data တွေကို အခြားဖုန်းတစ်လုံးထဲကို အလွယ်တကူရွှေ့ပြောင်းချင်တယ်ဆိုရင်တော့ အလွယ်ဆုံးနည်းလမ်းကတော့ ဖုန်းရဲ့ Sim Card ကိုအသုံးပြုပြီး ရွှေ့ပြောင်း လုပ်တဲ့နည်းပဲဖြစ်ပါတယ်။ အဲဒီလိုရွှေ့ပြောင်းချင်တယ်ဆိုရင်တော့ ဖုန်းရဲ့ Content List ထဲမှာရှိနေတဲ့ ဖုန်းနံပါတ်တွေကို အရင်ဆုံး ဖုန်း Memory ထဲကနေ Sim Card Memory ထဲကိုပြောင်းရပါမယ်။ ပြီးရင်တော့ ဖုန်းထဲမှာရှိနေတဲ့ Sim Card ကိုထုတ်ပြီး အခြားကိုယ်ပြောင်းချင်တဲ့ဖုန်းထဲကို Sim Card ကိုထည့်ပြီး ပြန်ကူးယူနိုင်ပါတယ်။ ဒီနည်းက အလွယ်ဆုံးပါပဲ။ ဒါပေမယ့် ဒီလို Sim Card ကိုအသုံးပြုပြီး ရွှေ့ပြောင်းလုပ်တယ်ဆိုရင်တော့ မိမိရဲ့ဖုန်းမှာ နဂိုကလူတစ်ယောက်ရဲ့နာမည်နဲ့ ဖုန်းနံပါတ်နှစ်ခု ဒါမှမဟုတ် သုံးခုမှတ်ထားတယ်ဆိုရင် Sim Card နဲ့ အခြားဖုန်းတစ်လုံးထဲကို ရောက်သွားတယ်ဆိုရင်တော့ ဖုန်းနံပါတ်တွေက နဂိုအတိုင်း ပြန်ပေါ်မှာမဟုတ်တော့ပါဘူး။ ဥပမာဆိုရင်တော့ ထွန်းထွန်းဆိုတဲ့နာမည်ထဲမှာ ဖုန်းနံပါတ်သုံးလုံးရှိတယ်ဆိုရင် အခြားပြောင်းလိုက်တဲ့ နောက်ဖုန်းတစ်လုံးထဲကိုရောက်သွားတဲ့အချိန်မှာတော့ ထွန်းထွန်း၁၊ ထွန်းထွန်း၂၊ ဆိုပြီး ဖုန်းနံပါတ်ရှိသလောက်ကို တစ်၊ နှစ်၊ သုံးခွဲပြီး မှတ်သွားမှာဖြစ်ပါတယ်။

CDMA 450 ဖုန်းတွေမှာ ဘက်ထရီက ကြာကြာမခံဘူးဖြစ်နေပါတယ်။ အဲဒါဘယ်လိုလုပ်ရပါမလဲ။ ဘယ်လိုဘက်ထရီအမျိုးအစားကိုသုံးရင် ကြာကြာခံနိုင်ပါမလဲ။
CDMA ဖုန်းတွေမှာက ဒီလိုပါပဲ။ ဘက်ထရီက ကြာကြာမခံတက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူက လိုင်းဆွဲအားအရမ်းပြင်းလို့ပါ။ ဒါကြောင့်ဖုန်းရဲ့ ဘက်ထရီက ကြာကြာအသုံးမခံတာပါ။ ဈေးကွက်ထဲမှာတော့ ကောင်းတဲ့ ဘက်ထရီတွေရှိပါတယ်။ အဲဒါတွေကိုဝယ်သုံးမယ်ဆိုရင်တော့ နဂိုထက်ပိုပြီးတော့ အသုံးခံနိုင်ပါတယ်။

ကော့သောင်းခရိုင်အတွင်းရှိနဂါးတောင်တွင်နဂါးကျောက်ဖြစ်ရုပ် ကြွင်းတွေ့ရှိ

  • ကော့သောင်းခရိုင်ဒေသတစ်ခုတွင် နဂါးကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုတွေ့ရှိ
    ကော့သောင်းခရိုင်ဒေသတစ်ခုရှိ ဆီအုန်းစိုက်ပျိုးရေးဇုန်တစ်ခုအနီးတွင် လမ်းဖောက်ရာမှ နဂါးကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုတွေ့ရှိရသည်ဟုသတင်းရသဖြင့် ကျွန်တော်တို့အဖွဲ့သွားရောက်ပြီးမှတ်တမ်းများရယူခဲ့ပါသည်။ ထိုဒေသတွင်လမ်းဖောက်နေသည့် ဘက်ဖွန်းမောင်းသမားသည် သူ၏လုပ်ငန်းများကို တာဝန်ကျေစွာ လုပ်ကိုင်နေရာက တစ်နေ့ဒီဓါတ်ပုံပါ နံရံပေါ်တွင် ဘက်ဖွန်းနှင့်ခြစ်ချနေရာမှ မှောင်ရီပျိုးချိန် ရောက်ရှိလာသဖြင့်အလုပ် ရပ်နားပြီး စခန်းသို့ပြန်ခဲ့ကြလေသည်။ ညအိုဗာတိုင် ဆင်းချိန်ရောက်လို့ ဘက်ဖွန်းမောင်း သမားသည် သူ၏လုပ်ငန်းသို့ ပုံမှန်အတိုင်းအလုပ်ဆင်းရာ ဘူဒိုဇာပေါ်သို့ တက်ပြီး မောင်းရန်ကြံရွယ်လိုက်စဉ် ဘူဒိုဇာရှေ့တွင် လူနှစ်ယောက်ထိုင်နေသည်မြင်ရသဖြင့် နောက်သို့လှည့်ကြည့်ရာ နောက်တွင်လည်းလူနှစ်ယောက်ထိုင်နေသည်ကိုမြင်ရဖြင့် သူတို့ခရီးသွားတွေ ဆိုင်ကယ်ပျက်လို့ဘဲ့တက်ထိုင်နေသလားဟု အထင်ဖြင့် ဘေးဘီသို့ကြည့်ရာ ဓါတ်ပုံပါ နံရံအောက်ဘေးနားတွင် ကျားတစ်ကောင်ရပ် တစ်ကောင်ထိုင်အနေထားဖြင့်သူ့ကိုကြည့် နေသည်ကိုမြင်ရသဖြင့် ကြောက်လန့်ထွက်ပြေးရန့်ကြံရာတွင် ကျားနှစ်ကောင်မှာ နံရံမျက်နှာခြင်းဆိုင်တောနက်ထဲသို့ ၀င်ရောက်သွားသည်ကိုမျက်ဝါးထင်ထင်မြင်လိုက် ရသဖြင့် သူ၏စခန်းသို့ ခြေကုန်သုတ်ပြေးရာ  စခန်း
    သို့ရောက်ပြီး လူတွေအကူညီဖြင့် ယင်းနေရာသို့ပြန်လာရာတွင် လူနှင့်ကျားများ တွေ့ရခြင်းမရှိဘဲ တောဆင်ရိုင်းတစ်ကောင် ဘူဒိုဇာဘေး နားတွင်မားမားရပ်နေသဖြင့် မည်သူမှဝင်မရဲ ဘဲကြည့်နေခဲ့ရာတွင် တောဆင်ရိုင်း

    သည် မည့်သူ့ကိုမှရန်မမှုဘဲနှင့် ရှေ့တောအုပ်တွင်း သို့ ၀င်ရောက်သွားသဖြင့် သူတို့သည် ဒီညတော့ မလုပ်တော့ဘူးဟုဆုံးဖြတ် ပြီးပြန်အိပ်ရာ အိပ်မက်ထဲတွင် ဒီနေရာတွင်လမ်းထပ်မလုပ်ရန် သတိပေးသံလို အမိန့်သံလို မက်ခဲ့သေးသည်ဟု အဆိုပါ ဘူဒိုဇာမောင်းသမားမှ ပြောပြခဲ့သည်။ နောက်တစ်နေ့ ဒီနေရာတွင် လောလောဆယ်မလုပ်တော့ဘူးဟု ဆုံးဖြတ်ပြီး ဘူဒီဇာကို နေရာလာရွေ့ရာတွင် ဓါတ်ပုံပါအတိုင်း နဂါးပေါ်နေသည်ကို  မြင်ကြရသဖြင့် တစ်ယောက်စကား တစ်ယောက်နားဖြင့် သတင်းကြီးခဲ့ခြင်းဖြစ်ပါသည် အောက်မှဓါတ်ပုံများ  ကိုကြည့်ပါ။သတင်းထူးများ ကိုဝေမျှချင်တဲ့ သဘောသက်သက်ပါ။

ပုံတွေကိုအကြီးကြည့်ချင်ရင်ပုံပေါ်ကလစ်နှိပ်ပြီးစောင့်ကြည့်ပါ



ဖုန်း (အမေး။ဖြေ )


CDMA ဖုန်းထဲမှာပြင်ပကိုဖုန်းခေါ်လို့မရပဲ Call Restict ဆိုပြီးဖြစ်နေတာ ဘာကြောင့်ပါလဲ။ ဘယ်လိုလုပ်ရပါမလဲ။
CDMA ဖုန်းတွေရဲ့ဖုန်းခေါ်ဆိုမှုမှာ ပြင်ပကိုဖုန်းခေါ်လို့မရပဲ Call Restict ဆိုပြီးဖြစ်နေတာကတော့ ဖုန်းထဲမှာရှိနေတဲ့ Caller ID ကိုပိတ်ထားတဲ့အတွက်ကြောင့် အထွက်ခေါ်ဆိုမှုကို ပိတ်နေတာဖြစ်ပါတယ်။ CDMA ဖုန်းတွေမှာ အဲဒီလိုပြဿနာတွေဖြစ်တတ်ပါတယ်။ ဒါကိုပြန်လုပ်ချင်တယ်ဆိုရင်တော့ ဖုန်းရဲ့ Setting ထဲမှာရှိတဲ့ Security Setting ထဲကိုသွားပါ။ အဲဒီထဲမှာရှိနေတဲ့ Call Restict ဆိုတဲ့ Function ထဲကိုဝင်လိုက်မယ်ဆိုရင်တော့ သူက ကုတ်နံပါတ်တောင်းပါလိမ့်မယ်။ အဲဒီထဲမှာ ကိုယ်ကိုင်ထားတဲ့ဟန်းဆက်ရဲ့ Default Code ကို ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။ User Code ချိန်းထားတယ်ဆိုရင်လည်း ပြောင်းထားတဲ့ User Code ကို ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။ အဲဒီလို ရိုက်ထည့်လိုက်တယ်ဆိုရင်တော့ Call Restict စနစ်ထဲမှာ On/Off ဆိုပြီးပေါ်လာမှာဖြစ်ပါတယ်။ အဲဒီထဲမှာ Off လုပ်လိုက်မယ်ဆိုရင် ဖုန်းခေါ်လို့ပြန်ရလာမှာ ဖြစ်ပါတယ်။

ဖုန်းမှာပါတဲ့ Original Default ဆော့ဖ်ဝဲ Icon ပျောက်သွားမယ်ဆိုရင် ပြန်ဖော်လို့ရနိုင်ပါသလား။ အသစ်ပြန်ထည့်လို့ရော ရနိုင်ပါသလား။
Original Default ဆော့ဖ်ဝဲပျောက်သွားတယ်ဆိုရင် ပြန်ဖော်ဖို့မလွယ်ကူနိုင်ပါဘူး။ အသစ်ပြန်ထည့်လို့လည်း မရနိုင်ပါဘူး။ ပြန်လိုချင်တယ်ဆိုရင်တော့ ဖုန်းထဲမှာရှိနေတဲ့ Firmware တစ်ခုလုံးကို အသစ်လဲလိုက်မှပဲ အဆင်ပြေနိုင်ပါလိမ့်မယ်။ အဲဒီလိုအသစ်ပြောင်းပြီးတင်တဲ့နေရာမှာတော့ CDMA ဖုန်းတွေနဲ့ Android OS စနစ်သုံးဖုန်းတွေအတွက်ဆိုရင် သိပ်မလွယ်ကူနိုင်သေးပါဘူး။

Sony Ericsson T707 လိုမျိုး Gesture Control စနစ်ပါတဲ့ အခြားဖုန်းအမျိုးအစားရှိပါသလား။
Sony Ericsson T707 လိုမျိုး Gesture Control စနစ်ပါတဲ့ အခြားဖုန်းအမျိုးအစားရှိပါတယ်။ အဲဒါကတော့ Sony Ericsson W508 ဆိုတဲ့ဟန်းဆက်မှာလည်း ဒီစနစ်ပါဝင်ပါတယ်။ ဒီစနစ်ဟာ ဖုန်းမှာပါဝင်တဲ့ ကင်မရာပေါ်မှာအခြေခံပြီး ပြုလုပ်ထားတဲ့စနစ်တစ်ခုဖြစ်ပါတယ်။
အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပေးပါတယ်။

ဖုန်း (အမေး။ဖြေ )

မိုဘိုင်းဖုန်းတွေထဲမှာပါတဲ့ HSUPA ဆိုတဲ့စနစ်က ဘာကိုပြောတာပါလဲ။ ဒီစနစ်ကိုဖုန်းထဲမှာ ဘယ်လိုအသုံးပြုနိုင်ပါသလဲ။
မိုဘိုင်းဖုန်းတွေထဲမှာပါတဲ့ HSUPA ဆိုတာကတော့ ဖုန်းနဲ့ အင်တာနက်အသုံးပြုတဲ့စနစ်တစ်ခုလို့ ယေဘုယျအားဖြင့် အကြမ်းမျဉ်းပြောလို့ရပါတယ်။ HSUPA ဆိုတာကတော့ High Speed Uplink Packed Access လို့ခေါ်ပါတယ်။ ဖုန်းနဲ့အင်တာနက်အသုံးပြုတဲ့နေရာမှာ အရင်က Download ပဲလုပ်လို့ရပြီးတော့ ကိုယ့်ဖုန်းကနေပြန်ပြီး Upload ပြန်လုပ်တဲ့အခါမှာတော့ Speed အရမ်းနှေးနေတတ်ပါတယ်။ ဒီစနစ်ကတော့ ဖုန်းကနေပြန်ပြီး Upload လုပ်တဲ့အခါမှာ အမြန်နှုန်းတစ်ခုကို ရရှိနိုင်ဖို့အတွက် ပြုလုပ်ပေးထားတာဖြစ်ပါတယ်။ HDUPA မှာ Uplink Speed ဟာ 2Mbps ထိရရှိနိုင်မှာဖြစ်ပါတယ်။ Downlink အတွက်ကတော့ 10Mbps ရရှိနိုင်မှာဖြစ်ပါတယ်။

CDMA ဖုန်းတွေမှာ Virus ၀င်ခဲ့ရင် ဘယ်လိုပြုလုပ်ရပါမလဲ။
CDMA ဖုန်းတွေထဲကို Virus ၀င်တယ်ဆိုရင်တော့ အဓိကအနေနဲ့ CDMA ဖုန်းတွေမှာ Java နဲ့ Windows မိုဘိုင်းဖုန်းတွေကများပါတယ်။ OS ဖုန်းကတော့ရှားပါတယ်။ အများစုက Java ဖုန်းတွေပဲဖြစ်ပါတယ်။ Java ဖုန်းတွေမှာက ဗိုင်းရပ်စ်ဝင်ခဲပါတယ်။ Java ဖုန်းထဲကိုဗိုင်းရပ်စ်ဝင်တယ်ဆိုရင်လည်း ကွန်ပျူတာနဲ့ဆက်စပ်တဲ့ဗိုင်းရပ်စ်တွေပဲ ၀င်တတ်တာများပါတယ်။ အဲဒါကတော့ ကွန်ပျူတာထဲမှာသတ်ရင်ရပါတယ်။ ကျန်တဲ့မိုဘိုင်းဗိုင်းရပ်စ်သီးသန့်တွေကတော့ Java ဖုန်းတွေမှာမ၀င်တတ်ပါဘူး။

GPS ထည့်ပြီးအသုံးပြုနိုင်တဲ့ဆော့ဖ်ဝဲ ဘယ်နှစ်ခုရှိပါသလဲ။
GPS ထည့်ပြီးအသုံးပြုနိုင်တဲ့ဆော့ဖ်ဝဲဆိုရင်တော့ ပျမ်းမျှအားဖြင့်ဆိုရင် OS ဖုန်းတွေဖြစ်တဲ့ Smart ဖုန်းတော်တော်များများမှာ ရပါတယ်။ Java ဖုန်းတွေကလွဲရင် တော်တော်များများမှာရတတ်ပါတယ်။ GPS သီးသန့်ပဲ အွန်လိုင်း Data ယူသုံးရုံဆိုရင်တော့ ဖုန်းတော်တော် များများမှာအသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် GPS သီးသန့်မဟုတ်ပဲနဲ့ မြေပုံတွေနဲ့ပါတွဲပြီးအသုံးပြုမယ်ဆိုရင်တော့ ဆော့ဖ်ဝဲရွေးပါလိမ့်မယ်။မြေပုံပါတွဲသုံးမယ်ဆိုရင်တော့ Android, Symbian, Apple နဲ့ Windows မိုဘိုင်းဖုန်းတွေမှာဆိုရင်ရပါတယ်။

အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပေးပါတယ်။

ဖုန်း (အမေး။ဖြေ )

Nokia 5800 ဖုန်းမှာ ဆော့ဖ်ဝဲဗားရှင်းကို ၃၀ ထည့်ထားပါတယ်။ ဒါပေမယ့် Garmin GPS ကိုသုံးပြီး Map တွေကို Browsing လုပ်ရင် ဟန်းဆက်ကဟန်းနေပါတယ်။ အဲဒါဘယ်လိုလုပ်ရပါမလဲ။
၅၈၀၀ မှာ ဆော့ဖ်ဝဲဗားရှင်းကို ၃၀ ထည့်ထားပေမယ့် GPS သုံးတဲ့နေရာမှာလေးနေပြီးတော့ ဖုန်းခဏခဏဟန်းနေရတာကတော့ ဖုန်းရဲ့ဆော့ဖ်ဝဲနဲ့ GPS နဲ့မကိုက်လို့အဲလိုဖြစ်နေရတာပါ။ ဖုန်းရဲ့ ဆော့ဖ်ဝဲဗားရှင်းကိုတင်လိုက်ရင် အဆင်ပြေနိုင်ပါတယ်။ ဖုန်းရဲ့ဆော့ဖ်ဝဲဗားရှင်းကို ၃၀ ကနေ ၄၀ ကို ပြောင်းပြီးတင်လိုက်မယ်ဆိုရင် အဆင်ပြေပြေသုံးနိုင်ပါလိမ့်မယ်။ ဒါ့အပြင် GPS ဆော့ဖ်ဝဲဗားရှင်းကိုလည်း ထပ်ပြီးတင်သုံးလို့ရနိုင်ပါတယ်။ Upgrade လုပ်လိုက်ရင် အဆင်ပြေပါလိမ့်မယ်။

Xperia Panel ဆိုတဲ့စနစ်က ဖုန်းတွေထဲမှာ ဘာကိုကိုယ်စားပြုထားတဲ့စနစ်ပါလဲ။
Xperia Panel ဆိုတာကတော့ Display တွေမှာပါတဲ့ စနစ်တစ်ခုပဲဖြစ်ပါတယ်။ အဲဒီစနစ်ကတော့ ဖုန်းရဲ့ Display တွေမှာရှိနေတဲ့ Page တွေကို တိုးထားတဲ့စနစ်ပဲဖြစ်ပါတယ်။ ဥပမာဆိုရင်တော့ Touch Screen ဖုန်းတွေနဲ့ iPhone တွေမှာဆိုရင် User Interface အတွက် စာမျက်နှာနဲ့ Application တွေကိုမြင်နေရပြီးတော့ တစ်မျက်နှာပြီးတစ်မျက်နှာပြောင်းပြီး မိမိလိုရာကို အသုံးပြုနိုင်တဲ့စနစ်တစ်ခုဖြစ်ပြီးတော့ အဲဒီစာမျက်နှာတွေကို တိုးတဲ့စနစ်တစ်ခုဖြစ်ပါတယ်။

Sony Ericsson Aino မှာပါတဲ့ Remote Play ဆိုတဲ့စနစ်က PS3 တွေနဲ့ပဲ ချိတ်ဆက်လို့ရတာပါလား။ အခြား အီလက်ထရွန်းနစ်ပစ္စည်းတွေနဲ့ရော ချိတ်ဆက်ပြီးသုံးလို့မရနိုင်ဘူးလား။
Sony Ericsson Aino မှာပါတဲ့ Remote Play ဆိုတဲ့စနစ်ကတော့ PS3 တွေနဲ့ပဲ ချိတ်ဆက်လို့ရတာလားဆိုတော့ အဲလိုလည်းမဟုတ်ပါဘူး။ အခြားအီလက်ထရွန်းနစ်ပစ္စည်းတွေကို ထိန်းချုပ်နိုင်မယ့် Remote တစ်ခုအနေနဲ့လည်း သုံးလို့ရနိုင်ပါတယ်။ ဒါပေမယ့် ဘာဖြစ်လို့ PS3 လို့ပဲ ပြောရတာလဲဆိုတော့ အခြားအီလက်ထရွန်းနစ်ပစ္စည်းတွေဖြစ်တဲ့ DVD Player တွေမှာ WiFi စနစ် ၀ါယာလက်စနစ်မပါဝင်တဲ့အတွက် ဖုန်းနဲ့ချိတ်ဆက်နိုင်ဖို့ မလွယ်ပါဘူး။ ဒါ့ကြောင့် Wireless စနစ် အသုံးပြုနိုင်တဲ့ စက်ပစ္စည်းတွေနဲ့ချိတ်ဆက်နိုင်ပါတယ်။ ဒါပေမယ့်သူက Multimedia စနစ်ပိုင်းအတွက်ပဲ ချိတ်ဆက်နိုင်တာဖြစ်တဲ့အတွက် အခြားပစ္စည်းတွေဆိုပေမယ့် သီချင်းပိုင်းနဲ့ ဂိမ်းပိုင်းဆိုင်ရာစနစ်တွေအတွက်ပဲ ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။
အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပေးပါတယ်။

ဖုန်း (အမေး။ဖြေ )

Sony Ericsson ဟန်းဆက်ထဲမှာပါတဲ့ Turn To Mute ဆိုတဲ့ Function ကဘာလုပ်တဲ့စနစ်ပါလဲ။
Sony Ericsson ဟန်းဆက်မှာပါတဲ့ Turn To Mute ဆိုတာကတော့ ဖုန်းကိုအသံပိတ်တဲ့စနစ်တစ်ခုပဲ
ဖြစ်ပါတယ်။ ဒီစနစ်က Nokia ဖုန်းတွေထဲမှာဆိုရင်တော့ Silenting Control ဆိုတဲ့စနစ်ပါပဲ။ Snoozing Alarm လို့လည်းခေါ်ကြပါတယ်။

မိုဘိုင်းဟန်းဆက်တွေမှာ Power VR SGX Graphic ဆိုပြီးပါပါတယ်။ အဲဒါက ဘာကိုရည်ရွယ်ပြီး
ပြောတာပါလဲ။
ဒါကတော့ ဟန်းဆက်ထဲမှာပါတဲ့ Graphic CPU ကိုပြောတာဖြစ်ပါတယ်။ ဒီ Graphic CPU က
ရုပ်ပုံတွေကို 3D ပုံရိပ်အဖြစ် မြင်တွေ့နိုင်အောင်ပြုလုပ်ပေးတဲ့ Graphic CPU ပါ။ ဂိမ်းတွေ၊ ဓါတ်ပုံတွေနဲ့ အခြားရုပ်ပုံပိုင်းဆိုင်ရာမြင်ကွင်းတွေကို 3D ရုပ်လုံးအတိုင်း မြင်ရအောင်ပြုလုပ်ပေးမှာဖြစ်ပါတယ်။

Nokia 6600 ဟန်းဆက်ထဲမှာ Music Library ကို Upgrade လုပ်တာ အရမ်းကြာနေပါတယ်။ ပြီးတော့ အချိန်ကြာနေတဲ့အပြင်ကို ပြီးသွားတော့လည်း Music Library ကို ရှာလို့မတွေ့ပါဘူး။ အဲဒါဘာကြောင့်ပါလဲ။
Nokia 6600 ဟန်းဆက်ထဲမှာ Music Library ကို Upgrade လုပ်တာကြာနေတာကတော့ ဖုန်းက အဲဒီသီချင်းဖိုင်ကို မသိတာကြောင့်ဖြစ်ပါတယ်။ Java ဖုန်းတွေမှာ အဲဒီလိုပြဿနာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲဒါဘာကြောင့်လဲဆိုတော့ ဖုန်းရဲ့ Memory Card ထဲကို သီချင်းတွေကိုထည့်တဲ့အချိန်မှာ ကိုယ်တိုင် Folder လုပ်ပြီး ထည့်တာကြောင့်လည်းဖြစ်ပါတယ်။ java ဖုန်းတွေနဲ့ CDMA ဖုန်းတွေမှာ Music ကို အဲဒီလိုထည့်လို့မရပါဘူး။ ဖုန်းရဲ့ Memory Card ထဲမှာ သူ့ဟာနဲ့သူ Folder တွေရှိပြီးသားပါ။ နောက်ထပ် ထပ်ပြီးအသစ်လုပ်စရာမလိုပါဘူး။ ပြီးတော့ သီချင်းဆိုရင်လည်း သီချင်းဖိုင်၊ ဓာတ်ပုံဆိုရင်ဓာတ်ပုံဖိုင် သူ့ဟာနဲ့သူရှိတဲ့အတွက် သူ့ဖိုင်အမျိုးအစားထဲကိုသွားထည့်မှပဲ ဖုန်းကသိပါလိမ့်မယ်။ သူ့ဖိုင်အမျိုးအစားမဟုတ်ပဲ မှားထည့်ထားရင်ပဲဖြစ်ဖြစ် ကိုယ်တိုင် Folder အသစ်လုပ်ပြီး ထည့်ထားရင်ပဲဖြစ်ဖြစ် မရနိုင်ပါဘူး။ အဲဒါကြောင့် ဖုန်းထဲမှာ Music Library ကို ဘယ်လောက်ပဲ upgrade လုပ်လုပ်၊ ဖုန်းကသီချင်းတွေကို ရှာလို့တွေ့မှာမဟုတ်ပါဘူး။ Smart ဖုန်းတွေမှာကတော့ အဲဒီလိုပြဿနာမျိုးတွေမရှိပါဘူး။ Smart ဖုန်းတွေက ကိုယ်ကြိုက်တဲ့ Folder ကိုလုပ်ပြီး ကြိုက်သလိုထည့်နိုင်ပါတယ်။ ဖုန်းကပြန်ရှာပေးနိုင်ပါတယ်။
အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပေးပါတယ်။