CDMA ဖုန်းထဲမှာပြင်ပကိုဖုန်းခေါ်လို့မရပဲ Call Restict ဆိုပြီးဖြစ်နေတာ ဘာကြောင့်ပါလဲ။ ဘယ်လိုလုပ်ရပါမလဲ။
CDMA ဖုန်းတွေရဲ့ဖုန်းခေါ်ဆိုမှုမှာ ပြင်ပကိုဖုန်းခေါ်လို့မရပဲ Call Restict ဆိုပြီးဖြစ်နေတာကတော့ ဖုန်းထဲမှာရှိနေတဲ့ Caller ID ကိုပိတ်ထားတဲ့အတွက်ကြောင့် အထွက်ခေါ်ဆိုမှုကို ပိတ်နေတာဖြစ်ပါတယ်။ CDMA ဖုန်းတွေမှာ အဲဒီလိုပြဿနာတွေဖြစ်တတ်ပါတယ်။ ဒါကိုပြန်လုပ်ချင်တယ်ဆိုရင်တော့ ဖုန်းရဲ့ Setting ထဲမှာရှိတဲ့ Security Setting ထဲကိုသွားပါ။ အဲဒီထဲမှာရှိနေတဲ့ Call Restict ဆိုတဲ့ Function ထဲကိုဝင်လိုက်မယ်ဆိုရင်တော့ သူက ကုတ်နံပါတ်တောင်းပါလိမ့်မယ်။ အဲဒီထဲမှာ ကိုယ်ကိုင်ထားတဲ့ဟန်းဆက်ရဲ့ Default Code ကို ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။ User Code ချိန်းထားတယ်ဆိုရင်လည်း ပြောင်းထားတဲ့ User Code ကို ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။ အဲဒီလို ရိုက်ထည့်လိုက်တယ်ဆိုရင်တော့ Call Restict စနစ်ထဲမှာ On/Off ဆိုပြီးပေါ်လာမှာဖြစ်ပါတယ်။ အဲဒီထဲမှာ Off လုပ်လိုက်မယ်ဆိုရင် ဖုန်းခေါ်လို့ပြန်ရလာမှာ ဖြစ်ပါတယ်။
ဖုန်းမှာပါတဲ့ Original Default ဆော့ဖ်ဝဲ Icon ပျောက်သွားမယ်ဆိုရင် ပြန်ဖော်လို့ရနိုင်ပါသလား။ အသစ်ပြန်ထည့်လို့ရော ရနိုင်ပါသလား။
Original Default ဆော့ဖ်ဝဲပျောက်သွားတယ်ဆိုရင် ပြန်ဖော်ဖို့မလွယ်ကူနိုင်ပါဘူး။ အသစ်ပြန်ထည့်လို့လည်း မရနိုင်ပါဘူး။ ပြန်လိုချင်တယ်ဆိုရင်တော့ ဖုန်းထဲမှာရှိနေတဲ့ Firmware တစ်ခုလုံးကို အသစ်လဲလိုက်မှပဲ အဆင်ပြေနိုင်ပါလိမ့်မယ်။ အဲဒီလိုအသစ်ပြောင်းပြီးတင်တဲ့နေရာမှာတော့ CDMA ဖုန်းတွေနဲ့ Android OS စနစ်သုံးဖုန်းတွေအတွက်ဆိုရင် သိပ်မလွယ်ကူနိုင်သေးပါဘူး။
Sony Ericsson T707 လိုမျိုး Gesture Control စနစ်ပါတဲ့ အခြားဖုန်းအမျိုးအစားရှိပါသလား။
Sony Ericsson T707 လိုမျိုး Gesture Control စနစ်ပါတဲ့ အခြားဖုန်းအမျိုးအစားရှိပါတယ်။ အဲဒါကတော့ Sony Ericsson W508 ဆိုတဲ့ဟန်းဆက်မှာလည်း ဒီစနစ်ပါဝင်ပါတယ်။ ဒီစနစ်ဟာ ဖုန်းမှာပါဝင်တဲ့ ကင်မရာပေါ်မှာအခြေခံပြီး ပြုလုပ်ထားတဲ့စနစ်တစ်ခုဖြစ်ပါတယ်။
အင်တာနက်ဂျာနယ်ကကူးယူဖေါ်ပြပေးပါတယ် CDMA ဖုန်းတွေရဲ့ဖုန်းခေါ်ဆိုမှုမှာ ပြင်ပကိုဖုန်းခေါ်လို့မရပဲ Call Restict ဆိုပြီးဖြစ်နေတာကတော့ ဖုန်းထဲမှာရှိနေတဲ့ Caller ID ကိုပိတ်ထားတဲ့အတွက်ကြောင့် အထွက်ခေါ်ဆိုမှုကို ပိတ်နေတာဖြစ်ပါတယ်။ CDMA ဖုန်းတွေမှာ အဲဒီလိုပြဿနာတွေဖြစ်တတ်ပါတယ်။ ဒါကိုပြန်လုပ်ချင်တယ်ဆိုရင်တော့ ဖုန်းရဲ့ Setting ထဲမှာရှိတဲ့ Security Setting ထဲကိုသွားပါ။ အဲဒီထဲမှာရှိနေတဲ့ Call Restict ဆိုတဲ့ Function ထဲကိုဝင်လိုက်မယ်ဆိုရင်တော့ သူက ကုတ်နံပါတ်တောင်းပါလိမ့်မယ်။ အဲဒီထဲမှာ ကိုယ်ကိုင်ထားတဲ့ဟန်းဆက်ရဲ့ Default Code ကို ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။ User Code ချိန်းထားတယ်ဆိုရင်လည်း ပြောင်းထားတဲ့ User Code ကို ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။ အဲဒီလို ရိုက်ထည့်လိုက်တယ်ဆိုရင်တော့ Call Restict စနစ်ထဲမှာ On/Off ဆိုပြီးပေါ်လာမှာဖြစ်ပါတယ်။ အဲဒီထဲမှာ Off လုပ်လိုက်မယ်ဆိုရင် ဖုန်းခေါ်လို့ပြန်ရလာမှာ ဖြစ်ပါတယ်။
ဖုန်းမှာပါတဲ့ Original Default ဆော့ဖ်ဝဲ Icon ပျောက်သွားမယ်ဆိုရင် ပြန်ဖော်လို့ရနိုင်ပါသလား။ အသစ်ပြန်ထည့်လို့ရော ရနိုင်ပါသလား။
Original Default ဆော့ဖ်ဝဲပျောက်သွားတယ်ဆိုရင် ပြန်ဖော်ဖို့မလွယ်ကူနိုင်ပါဘူး။ အသစ်ပြန်ထည့်လို့လည်း မရနိုင်ပါဘူး။ ပြန်လိုချင်တယ်ဆိုရင်တော့ ဖုန်းထဲမှာရှိနေတဲ့ Firmware တစ်ခုလုံးကို အသစ်လဲလိုက်မှပဲ အဆင်ပြေနိုင်ပါလိမ့်မယ်။ အဲဒီလိုအသစ်ပြောင်းပြီးတင်တဲ့နေရာမှာတော့ CDMA ဖုန်းတွေနဲ့ Android OS စနစ်သုံးဖုန်းတွေအတွက်ဆိုရင် သိပ်မလွယ်ကူနိုင်သေးပါဘူး။
Sony Ericsson T707 လိုမျိုး Gesture Control စနစ်ပါတဲ့ အခြားဖုန်းအမျိုးအစားရှိပါသလား။
Sony Ericsson T707 လိုမျိုး Gesture Control စနစ်ပါတဲ့ အခြားဖုန်းအမျိုးအစားရှိပါတယ်။ အဲဒါကတော့ Sony Ericsson W508 ဆိုတဲ့ဟန်းဆက်မှာလည်း ဒီစနစ်ပါဝင်ပါတယ်။ ဒီစနစ်ဟာ ဖုန်းမှာပါဝင်တဲ့ ကင်မရာပေါ်မှာအခြေခံပြီး ပြုလုပ်ထားတဲ့စနစ်တစ်ခုဖြစ်ပါတယ်။
No comments:
Post a Comment