ဖုန်းတွေမှာပါတဲ့ Call Waiting ဆိုတဲ့စနစ်မှာက ဖုန်းပြောနေတုန်းမှာ အခြားနောက်ထပ်ဖုန်းတစ်လုံးက ၀င်လာခဲ

ဖုန်း အမေး/ဖြေ (၂)(၂)

Sony Ericsson ဖုန်းတွေမှာပါတဲ့ Touch Focus စနစ်က ဘယ်လိုအသုံးပြုရတာပါလဲ။
Sony Ericsson ဖုန်းတွေမှာပါတဲ့ Touch Focus ဆိုတဲ့စနစ်ကတော့ ကင်မရာစနစ်မှာ အရင်ကဆိုရင် Auto Focus စနစ်နဲ့အတူတူပါပဲ။ ဒါပေမယ့် သူက Touch Screen မှာ Touch စနစ်နဲ့ အသုံးပြုရတာဖြစ်ပါတယ်။ ရုပ်ပုံကိုဖမ်းယူနိုင်မှုကတော့ သိပ်မကွာပါဘူး။ ကင်မရာကောင်းရင် ကောင်းသလောက် ပုံကောင်းမှာပါပဲ။ အသုံးပြုတာကတော့ ဖုန်းရဲ့ကင်မရာစနစ်ထဲမှာ Focus ဆွဲချင်တယ်ဆိုရင် Screen ပေါ်မှာ လက်နဲ့ ကိုယ်ဖမ်းယူချင်တဲ့ ပုံရိပ်ရဲ့နေရာအမှတ်အသားကို Touch လုပ်ပြီး ဖမ်းယူနိုင်ပါတယ်။ လိုအပ်သလို အနီးနားထိဆွဲယူနိုင်မှာဖြစ်ပြီး ပုံရိပ်ကို စိတ်ကြိုက်ဖမ်းယူနိုင်ခြင်းနှင့် Screen မှာမြင်နေရတဲ့ ရုပ်ပုံကိုလက်နဲ့ ကိုယ်ကြိုက်
တဲ့နေရာကိုထိပြီး ဆွဲယူနိုင်တဲ့စနစ်ကတော့ ရိုးရိုး Focus တွေထက်တော့ ပိုကောင်းပါတယ်။

iPhone ကို Firmware ဗားရှင်းမြှင့်လိုက်တာနဲ့ ဘာလို့ဖုန်းက Lock ပြန်ကျသွားရတာလဲ။
iPhone တွေမှာက ပြဿနာရှိပါတယ်။ ဖုန်းရဲ့ Firmware Version ကိုမြှင့်တယ်ဆိုပေမယ့် လုပ်ချင်တိုင်းလုပ်လို့မရနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ iPhone တွေမှာက ဖုန်းကို မြန်မာနိုင်ငံမှာ ပြောနိုင်ဖို့အတွက် Lock Code တွေကိုဖြည်ထားရတာပါ။ ပြီးတော့ နောက်ထပ် Application တွေ ဂိမ်းတွေကို ထပ်ထည့်နိုင်ဖို့အတွက် ဖုန်းကို Jailbreak လုပ်ထားရတာပါ။ အဲလို Lock Code တွေကို ဖြည်ထားတဲ့အခါမျိုးမှာ ဖုန်းရဲ့ Firmware Version အလိုက်အသုံးပြုရမယ့် ဆော့ဖ်ဝဲတွေကိုသုံးပြီး လုပ်ထားတာပါ။ ကိုယ်ကဖုန်းရဲ့ Firmware ဗားရှင်းကိုမြှင့်ချင်တယ်ဆိုပြီး Apple ကနေပေးထားတဲ့ Firmware ဗားရှင်းအသစ်ကို Download ပြုလုပ်ပြီး ဖုန်းထဲကို ထည့်လိုက်မယ်ဆိုရင်ပဲဖြစ်ဖြစ် ဖုန်းထဲမှာရှိနေတဲ့ Firmware ကို ဖုန်းနဲ့အွန်လိုင်းကို တိုက်ရိုက်ချိတ်ဆက်ပြီးတော့ပဲဖြစ်ဖြစ် ဗားရှင်းမြှင့်လိုက်မယ်ဆိုရင်တော့ ဖုန်းက ကိုယ်ထည့်လိုက်တဲ့ဆော့ဖ်ဝဲရဲ့ ဗားရှင်း Lock Code အသစ်တွေကြောင့် ပြန်ပြီး Lock ပြန်ကျသွားရတာပါ။ ဂရုစိုက်သင့်ပါတယ်။ အဲလိုဖြစ်သွားတယ်ဆို ရင်တော့မရပါဘူး။ နဂိုအစတုန်းက ဖုန်းအသစ်တုန်းကလိုပဲ Lock Code တွေကိုပြန်ဖြည်ရပါမယ်။

No comments:

Post a Comment