- ကော့သောင်းခရိုင်ဒေသတစ်ခုတွင် နဂါးကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုတွေ့ရှိ
ကော့သောင်းခရိုင်ဒေသတစ်ခုရှိ ဆီအုန်းစိုက်ပျိုးရေးဇုန်တစ်ခုအနီးတွင် လမ်းဖောက်ရာမှ နဂါးကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုတွေ့ရှိရသည်ဟုသတင်းရသဖြင့် ကျွန်တော်တို့အဖွဲ့သွားရောက်ပြီးမှတ်တမ်းများရယူခဲ့ပါသည်။ ထိုဒေသတွင်လမ်းဖောက်နေသည့် ဘက်ဖွန်းမောင်းသမားသည် သူ၏လုပ်ငန်းများကို တာဝန်ကျေစွာ လုပ်ကိုင်နေရာက တစ်နေ့ဒီဓါတ်ပုံပါ နံရံပေါ်တွင် ဘက်ဖွန်းနှင့်ခြစ်ချနေရာမှ မှောင်ရီပျိုးချိန် ရောက်ရှိလာသဖြင့်အလုပ် ရပ်နားပြီး စခန်းသို့ပြန်ခဲ့ကြလေသည်။ ညအိုဗာတိုင် ဆင်းချိန်ရောက်လို့ ဘက်ဖွန်းမောင်း သမားသည် သူ၏လုပ်ငန်းသို့ ပုံမှန်အတိုင်းအလုပ်ဆင်းရာ ဘူဒိုဇာပေါ်သို့ တက်ပြီး မောင်းရန်ကြံရွယ်လိုက်စဉ် ဘူဒိုဇာရှေ့တွင် လူနှစ်ယောက်ထိုင်နေသည်မြင်ရသဖြင့် နောက်သို့လှည့်ကြည့်ရာ နောက်တွင်လည်းလူနှစ်ယောက်ထိုင်နေသည်ကိုမြင်ရဖြင့် သူတို့ခရီးသွားတွေ ဆိုင်ကယ်ပျက်လို့ဘဲ့တက်ထိုင်နေသလားဟု အထင်ဖြင့် ဘေးဘီသို့ကြည့်ရာ ဓါတ်ပုံပါ နံရံအောက်ဘေးနားတွင် ကျားတစ်ကောင်ရပ် တစ်ကောင်ထိုင်အနေထားဖြင့်သူ့ကိုကြည့် နေသည်ကိုမြင်ရသဖြင့် ကြောက်လန့်ထွက်ပြေးရန့်ကြံရာတွင် ကျားနှစ်ကောင်မှာ နံရံမျက်နှာခြင်းဆိုင်တောနက်ထဲသို့ ၀င်ရောက်သွားသည်ကိုမျက်ဝါးထင်ထင်မြင်လိုက် ရသဖြင့် သူ၏စခန်းသို့ ခြေကုန်သုတ်ပြေးရာ စခန်း
သို့ရောက်ပြီး လူတွေအကူညီဖြင့် ယင်းနေရာသို့ပြန်လာရာတွင် လူနှင့်ကျားများ တွေ့ရခြင်းမရှိဘဲ တောဆင်ရိုင်းတစ်ကောင် ဘူဒိုဇာဘေး နားတွင်မားမားရပ်နေသဖြင့် မည်သူမှဝင်မရဲ ဘဲကြည့်နေခဲ့ရာတွင် တောဆင်ရိုင်း
သည် မည့်သူ့ကိုမှရန်မမှုဘဲနှင့် ရှေ့တောအုပ်တွင်း သို့ ၀င်ရောက်သွားသဖြင့် သူတို့သည် ဒီညတော့ မလုပ်တော့ဘူးဟုဆုံးဖြတ် ပြီးပြန်အိပ်ရာ အိပ်မက်ထဲတွင် ဒီနေရာတွင်လမ်းထပ်မလုပ်ရန် သတိပေးသံလို အမိန့်သံလို မက်ခဲ့သေးသည်ဟု အဆိုပါ ဘူဒိုဇာမောင်းသမားမှ ပြောပြခဲ့သည်။ နောက်တစ်နေ့ ဒီနေရာတွင် လောလောဆယ်မလုပ်တော့ဘူးဟု ဆုံးဖြတ်ပြီး ဘူဒီဇာကို နေရာလာရွေ့ရာတွင် ဓါတ်ပုံပါအတိုင်း နဂါးပေါ်နေသည်ကို မြင်ကြရသဖြင့် တစ်ယောက်စကား တစ်ယောက်နားဖြင့် သတင်းကြီးခဲ့ခြင်းဖြစ်ပါသည် အောက်မှဓါတ်ပုံများ ကိုကြည့်ပါ။သတင်းထူးများ ကိုဝေမျှချင်တဲ့ သဘောသက်သက်ပါ။
ပုံတွေကိုအကြီးကြည့်ချင်ရင်ပုံပေါ်ကလစ်နှိပ်ပြီးစောင့်ကြည့်ပါ
No comments:
Post a Comment