Nokia 5800 ဖုန်းမှာ ဆော့ဖ်ဝဲဗားရှင်းကို ၃၀ ထည့်ထားပါတယ်။ ဒါပေမယ့် Garmin GPS ကိုသုံးပြီး Map တွေကို Browsing လုပ်ရင် ဟန်းဆက်ကဟန်းနေပါတယ်။ အဲဒါဘယ်လိုလုပ်ရပါမလဲ။
၅၈၀၀ မှာ ဆော့ဖ်ဝဲဗားရှင်းကို ၃၀ ထည့်ထားပေမယ့် GPS သုံးတဲ့နေရာမှာလေးနေပြီးတော့ ဖုန်းခဏခဏဟန်းနေရတာကတော့ ဖုန်းရဲ့ဆော့ဖ်ဝဲနဲ့ GPS နဲ့မကိုက်လို့အဲလိုဖြစ်နေရတာပါ။ ဖုန်းရဲ့ ဆော့ဖ်ဝဲဗားရှင်းကိုတင်လိုက်ရင် အဆင်ပြေနိုင်ပါတယ်။ ဖုန်းရဲ့ဆော့ဖ်ဝဲဗားရှင်းကို ၃၀ ကနေ ၄၀ ကို ပြောင်းပြီးတင်လိုက်မယ်ဆိုရင် အဆင်ပြေပြေသုံးနိုင်ပါလိမ့်မယ်။ ဒါ့အပြင် GPS ဆော့ဖ်ဝဲဗားရှင်းကိုလည်း ထပ်ပြီးတင်သုံးလို့ရနိုင်ပါတယ်။ Upgrade လုပ်လိုက်ရင် အဆင်ပြေပါလိမ့်မယ်။
Xperia Panel ဆိုတဲ့စနစ်က ဖုန်းတွေထဲမှာ ဘာကိုကိုယ်စားပြုထားတဲ့စနစ်ပါလဲ။
Xperia Panel ဆိုတာကတော့ Display တွေမှာပါတဲ့ စနစ်တစ်ခုပဲဖြစ်ပါတယ်။ အဲဒီစနစ်ကတော့ ဖုန်းရဲ့ Display တွေမှာရှိနေတဲ့ Page တွေကို တိုးထားတဲ့စနစ်ပဲဖြစ်ပါတယ်။ ဥပမာဆိုရင်တော့ Touch Screen ဖုန်းတွေနဲ့ iPhone တွေမှာဆိုရင် User Interface အတွက် စာမျက်နှာနဲ့ Application တွေကိုမြင်နေရပြီးတော့ တစ်မျက်နှာပြီးတစ်မျက်နှာပြောင်းပြီး မိမိလိုရာကို အသုံးပြုနိုင်တဲ့စနစ်တစ်ခုဖြစ်ပြီးတော့ အဲဒီစာမျက်နှာတွေကို တိုးတဲ့စနစ်တစ်ခုဖြစ်ပါတယ်။
Sony Ericsson Aino မှာပါတဲ့ Remote Play ဆိုတဲ့စနစ်က PS3 တွေနဲ့ပဲ ချိတ်ဆက်လို့ရတာပါလား။ အခြား အီလက်ထရွန်းနစ်ပစ္စည်းတွေနဲ့ရော ချိတ်ဆက်ပြီးသုံးလို့မရနိုင်ဘူးလား။
Sony Ericsson Aino မှာပါတဲ့ Remote Play ဆိုတဲ့စနစ်ကတော့ PS3 တွေနဲ့ပဲ ချိတ်ဆက်လို့ရတာလားဆိုတော့ အဲလိုလည်းမဟုတ်ပါဘူး။ အခြားအီလက်ထရွန်းနစ်ပစ္စည်းတွေကို ထိန်းချုပ်နိုင်မယ့် Remote တစ်ခုအနေနဲ့လည်း သုံးလို့ရနိုင်ပါတယ်။ ဒါပေမယ့် ဘာဖြစ်လို့ PS3 လို့ပဲ ပြောရတာလဲဆိုတော့ အခြားအီလက်ထရွန်းနစ်ပစ္စည်းတွေဖြစ်တဲ့ DVD Player တွေမှာ WiFi စနစ် ၀ါယာလက်စနစ်မပါဝင်တဲ့အတွက် ဖုန်းနဲ့ချိတ်ဆက်နိုင်ဖို့ မလွယ်ပါဘူး။ ဒါ့ကြောင့် Wireless စနစ် အသုံးပြုနိုင်တဲ့ စက်ပစ္စည်းတွေနဲ့ချိတ်ဆက်နိုင်ပါတယ်။ ဒါပေမယ့်သူက Multimedia စနစ်ပိုင်းအတွက်ပဲ ချိတ်ဆက်နိုင်တာဖြစ်တဲ့အတွက် အခြားပစ္စည်းတွေဆိုပေမယ့် သီချင်းပိုင်းနဲ့ ဂိမ်းပိုင်းဆိုင်ရာစနစ်တွေအတွက်ပဲ ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။
အင်တာနက်ဂျာနယ်ကကူယူဖေါ်ပြပါတယ်။ ၅၈၀၀ မှာ ဆော့ဖ်ဝဲဗားရှင်းကို ၃၀ ထည့်ထားပေမယ့် GPS သုံးတဲ့နေရာမှာလေးနေပြီးတော့ ဖုန်းခဏခဏဟန်းနေရတာကတော့ ဖုန်းရဲ့ဆော့ဖ်ဝဲနဲ့ GPS နဲ့မကိုက်လို့အဲလိုဖြစ်နေရတာပါ။ ဖုန်းရဲ့ ဆော့ဖ်ဝဲဗားရှင်းကိုတင်လိုက်ရင် အဆင်ပြေနိုင်ပါတယ်။ ဖုန်းရဲ့ဆော့ဖ်ဝဲဗားရှင်းကို ၃၀ ကနေ ၄၀ ကို ပြောင်းပြီးတင်လိုက်မယ်ဆိုရင် အဆင်ပြေပြေသုံးနိုင်ပါလိမ့်မယ်။ ဒါ့အပြင် GPS ဆော့ဖ်ဝဲဗားရှင်းကိုလည်း ထပ်ပြီးတင်သုံးလို့ရနိုင်ပါတယ်။ Upgrade လုပ်လိုက်ရင် အဆင်ပြေပါလိမ့်မယ်။
Xperia Panel ဆိုတဲ့စနစ်က ဖုန်းတွေထဲမှာ ဘာကိုကိုယ်စားပြုထားတဲ့စနစ်ပါလဲ။
Xperia Panel ဆိုတာကတော့ Display တွေမှာပါတဲ့ စနစ်တစ်ခုပဲဖြစ်ပါတယ်။ အဲဒီစနစ်ကတော့ ဖုန်းရဲ့ Display တွေမှာရှိနေတဲ့ Page တွေကို တိုးထားတဲ့စနစ်ပဲဖြစ်ပါတယ်။ ဥပမာဆိုရင်တော့ Touch Screen ဖုန်းတွေနဲ့ iPhone တွေမှာဆိုရင် User Interface အတွက် စာမျက်နှာနဲ့ Application တွေကိုမြင်နေရပြီးတော့ တစ်မျက်နှာပြီးတစ်မျက်နှာပြောင်းပြီး မိမိလိုရာကို အသုံးပြုနိုင်တဲ့စနစ်တစ်ခုဖြစ်ပြီးတော့ အဲဒီစာမျက်နှာတွေကို တိုးတဲ့စနစ်တစ်ခုဖြစ်ပါတယ်။
Sony Ericsson Aino မှာပါတဲ့ Remote Play ဆိုတဲ့စနစ်က PS3 တွေနဲ့ပဲ ချိတ်ဆက်လို့ရတာပါလား။ အခြား အီလက်ထရွန်းနစ်ပစ္စည်းတွေနဲ့ရော ချိတ်ဆက်ပြီးသုံးလို့မရနိုင်ဘူးလား။
Sony Ericsson Aino မှာပါတဲ့ Remote Play ဆိုတဲ့စနစ်ကတော့ PS3 တွေနဲ့ပဲ ချိတ်ဆက်လို့ရတာလားဆိုတော့ အဲလိုလည်းမဟုတ်ပါဘူး။ အခြားအီလက်ထရွန်းနစ်ပစ္စည်းတွေကို ထိန်းချုပ်နိုင်မယ့် Remote တစ်ခုအနေနဲ့လည်း သုံးလို့ရနိုင်ပါတယ်။ ဒါပေမယ့် ဘာဖြစ်လို့ PS3 လို့ပဲ ပြောရတာလဲဆိုတော့ အခြားအီလက်ထရွန်းနစ်ပစ္စည်းတွေဖြစ်တဲ့ DVD Player တွေမှာ WiFi စနစ် ၀ါယာလက်စနစ်မပါဝင်တဲ့အတွက် ဖုန်းနဲ့ချိတ်ဆက်နိုင်ဖို့ မလွယ်ပါဘူး။ ဒါ့ကြောင့် Wireless စနစ် အသုံးပြုနိုင်တဲ့ စက်ပစ္စည်းတွေနဲ့ချိတ်ဆက်နိုင်ပါတယ်။ ဒါပေမယ့်သူက Multimedia စနစ်ပိုင်းအတွက်ပဲ ချိတ်ဆက်နိုင်တာဖြစ်တဲ့အတွက် အခြားပစ္စည်းတွေဆိုပေမယ့် သီချင်းပိုင်းနဲ့ ဂိမ်းပိုင်းဆိုင်ရာစနစ်တွေအတွက်ပဲ ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။
No comments:
Post a Comment