ဖုန်းတွေမှာပါတဲ့ Call Waiting ဆိုတဲ့စနစ်မှာက ဖုန်းပြောနေတုန်းမှာ အခြားနောက်ထပ်ဖုန်းတစ်လုံးက ၀င်လာခဲ

မိုဘိုင်းအမေးအဖြေကဏ္ဍ

  • ဖုန်းရဲ့ Sim Card က Smart ဖုန်းတွေထဲကိုထည့်တာ ဘယ်လိုမှထည့်သုံးလို့မရတော့ပါဘူး။ Nokia N Series နဲ့ နောက်ပိုင်းထွက်ဖုန်းတွေအကုန်လုံးနဲ့စမ်းကြည့်တာ ဘယ်ဖုန်းနဲ့မှမရတော့ပါဘူး။ ပထမဖုန်းနဲ့ပဲရပါတယ်။ အဲဒါဘာကြောင့်ပါလဲ။
  • ဖုန်းရဲ့ Sim Card က ပါဝါအသုံးမမှန်တော့တာမျိုး ဖြစ်နိုင်ပါတယ်။ ပြန်ပြီးတော့ပြုပြင်ထားတဲ့ဖုန်းတွေနဲ့ ပုံမှန်မဟုတ်တော့တဲ့ဟန်းဆက်တွေကို အသုံးပြုတဲ့အခါမျိုးမှာ ခုလိုပြဿနာမျိုးတွေဖြစ်တတ်ပါတယ်။ အဲဒါဘာကြောင့်လဲဆိုတော့ ဖုန်းကို တစ်ခုခုပြန်လည်ပြုပြင်ထားတာမျိုး၊ ဒါမှမဟုတ် ပါဝါအသုံးမမှန်တော့တဲ့ဖုန်းမျိုးကို အချိန်အကြာကြီးသုံးခဲ့တာမျိုးတွေကြောင့်ပါ။ ဖုန်းတွေမှာ ပါဝါအတွက် တစ်ခုခုချွတ်ယွင်းချက်မျိုးတွေရှိလာတဲ့အခါမျိုးမှာ ဟန်းဆက်က Sim Card ကို ပါဝါပေးတာမမှန်တော့ပါဘူး။ ပုံမှန်ဟန်းဆက်တွေမှာဆိုရင်တော့ ဟန်းဆက်ကနေ Sim Card ကိုပေးတဲ့ပါဝါက 3 Volt ရှိပါတယ်။ ဟန်းဆက်က ပါဝါပေးတာကျလာတဲ့အခါမျိုးမှာဆိုရင်တော့ Sim Card ကိုပေးတာက 2.5 Volt တို့ဘာတို့ဖြစ်နေတတ်ပါတယ်။ အဲလိုအချိန်မျိုးမှာ Sim Card ဟာ ဖုန်းထဲမှာနဂိုကတည်းက ထည့်သုံးထားတာဖြစ်တဲ့အတွက် ဟန်းဆက်ကပေးတဲ့ ပါဝါက 3Volt ကနေလျော့သွားရင်တောင် သူကလက်ခံပြီးအလုပ်လုပ်ပေးပါတယ်။ ဒါပေမယ့် Sim Card ဟာ ပါဝါကိုလျှော့ပေးတာကို အသားကျသွားတဲ့အချိန်မျိုးမှာတော့ သူက 3 Volt ကိုမသိတော့ပဲ သူလျော့ပြီးရနေတဲ့ Volt အားကိုပဲ အလုပ်လုပ်တော့တဲ့အတွက် အခြားနောက်ထပ်ဟန်းဆက်အသစ်တစ်ခုထဲကို ထည့်သုံးတဲ့အချိန်မှာ ကတ်က Original 3 Volt ကိုမသိတော့ပဲနဲ့ အလုပ်မလုပ်နိုင်တော့တာပါ။ အဲလိုဖြစ်တဲ့ကတ်တွေဟာ သူနဂိုသုံးနေတဲ့ဖုန်းကလွဲရင် တခြားနောက်ထပ် ဘယ်ဖုန်းနဲ့မှ ထည့်သုံးလို့မရတော့ပါဘူး။
  • ဖုန်းတွေထဲမှာပါတဲ့ EDGE တို့ GPRS တို့ဆိုတဲ့စနစ်တွေက ဘယ်လိုအသုံးပြုရတာပါလဲ။ ဘာစနစ်တွေပါလဲ။
  • ဟန်းဆက်တွေထဲမှာပါတဲ့ EDGE နဲ့ GPRS ဆိုတဲ့စနစ်ကတော့ ဖုန်းရဲ့တာဝါစနစ်ကနေတဆင့်ချိတ်ဆက်ပြီး အွန်လိုင်းအသုံးပြုနိုင်တဲ့ စနစ်တွေပဲဖြစ်ပါတယ်။ ဒီစနစ်တွေကတော့ 2G ဖုန်းတွေမှာပါပါဝင်ပြီးတော့ EDGE နဲ့ GPRS စနစ်တွေကိုအသုံးပြုနိုင်ပါတယ်။ 3G ဖုန်းတွေအတွက်ဆိုရင်တော့ HSDPA ဆိုတဲ့စနစ်ကို အသုံးပြုနိုင်မှာဖြစ်ပြီးတော့ HSDPA စနစ်ဟာ EGDE, GPRS စနစ်တွေထက်ပိုပြီးတော့ လိုင်းအားကောင်းမွန်ပြီးတော့ Mbps ပိုများပါတယ်။
  • Sony Ericsson Yari မှာ Themes တွေကိုအသစ်ထပ်ထည့်လို့မရဘူးဖြစ်နေပါတယ်။ အဲဒါဘာကြောင့်ပါလဲ။
  • Sony Ericsson Yari မှာ Themes တွေက အပြင်ကနေ အသစ်ထပ်ပြီးထည့်လို့မရနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ Yari ကသူ့ဖုန်းထဲမှာ နဂို Original Default ပါဝင်လာတဲ့ Themes တွေကိုပဲ ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ သူ့အတွက်လည်း Themes အသစ်တွေက ဘယ်မှာမှမရနိုင်သေးပါဘူး။

No comments:

Post a Comment