ကွန်ပျူတာရဲ့ hard disk partition တွေကိုပိုင်းရမည့် သို့မဟုတ် ပိုင်းပြီးသားကိုအရွယ်အစားပြန်ပြင်ပြောင်းရမယ့်အကြောင်းတွေဟာ အကြောင်းမျိုးစုံကြောင့် ဖြစ်နိုင်ပါတယ်။ သို့ပေမယ့်လည်း မူလ partition ထဲမှာအချက်အလက်တွေကို မပျက်မစီးဘဲဒီလိုပြုပြင်ပြောင်းလည်းမှုတွေပြုလုပ်ဖို့ အတွက်ကတော့ ကျွမ်းကျင်မှုတွေလိုအပ်ပါတယ်။ Vista မှာရှိတဲ့ partition တွေကိုပြုပြင်ဖို့ဆိုတာကလည်းနဂိုကတည်းကအချက်အလက်တွေရှိထားရင် အတော်သတိ ထားရမှာဖြစ်ပါတယ်။ အချက်အလက်တွေကပိုပြီးတော့ အရေးကြီးလေပိုသတိထားရလေဖြစ်မှာပါ။ disk အရွယ်အစားပြုပြင်မယ်ဆို ရင်အရင်ဆုံးလုပ်သင့်တာကအထဲက data တွေကို တစ်နေရာရာမှာ back-up လုပ်ထားသင့်တာဖြစ်ပါတယ်။ ယခုဖော်ပြမည့် Vista မှာ hard disk ရဲ့ partition ကို အချက်အလက်တွေ မပျက်စီးစေဘဲ အရွယ်အစားပြောင်းနိုင်တဲ့နည်းပညာဖြစ်ပါတယ်။ စမ်းသပ်ထားပြီးသာဆိုပေမဲ့လုံးဝပြည့်စုံတယ်လို့တော့ အာမခံလို့မရပါဘူး။ ဘာကြောင့်လည်းဆိုတော့ တစ်ခါတစ်ရံမှာမမျှော်လင့်နိုင်တဲ့ကိစ္စတွေ၊ ပြဿနာတွေပေါ်လာနိုင်လို့ဘဲဖြစ်ပါတယ်။ ဒါကြောင့် data ကို backup လုပ်ထားတာကစိတ်အချရဆုံးပါ။ - Start menu ကိုသွားပါ၊ Computer ဆိုတဲ့စာသားပေါ်မှာ right click ခေါက်ပေးပါ။ အဲဒီအခါမှာ dialog box ပေါ်မှာဖြစ်ပါ တယ်။ - Manage ကို click ခေါက်ခဲ့မယ်ဆိုလျှင်တော့ Computer Management ကိုတွေ့ရမှာဖြစ်ပါတယ်။ - အဲဒီအထဲက Storage ကို click ခေါက်ပြီး Disk Management tool ကိုတွေ့တဲ့အခါမှာ Disk Management ကို click ခေါက်လိုက်ပါ။ - ပြင်ချင်တဲ့ partition ပေါ် မှာ right click ခေါက်ပါ။ ဒီလို right click ခေါက်လိုက်တဲ့အခါ menu အသစ်ပေါ်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ - ဒီ menu ပေါ်လာခဲ့လျှင် menu အထဲရှိ shrink volume ကို click ခေါက်ပါ။ အဲဒီအခါမှာ partition ကိုအရွယ်အစားပြင်နိုင်တဲ့ window ပေါ်လာပါလိမ့်မယ်။ ပြုပြင်ချင်တဲ့အရွယ်အစာကိုရိုက်ထည့်လိုက်ပါ။ အဲဒီအခါမှာ Vista ကပြုပြင်ထားတဲ့ပမာဏကို Vista ကတွက်ချက်ပေးပါလိမ့်မယ်။ - Shrink ကိုနှိပ်လိုက်ရင်အရွယ်အစားကပြောင်းပြီးသားဖြစ် သွားပြီးရိုက်ထည့်ပေးလိုက်တဲ့ ပမာဏဟာမသန့်စင်ရသေးတဲ့ partition အသစ်ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ hard drive ရဲ့ partition ပြောင်းလည်းနိုင်တဲ့ third-party utility တွေလည်းရှိပါသေးတယ်။ ဘယ်လို utility သုံးသတိပြုရမည့် အချက်ကတော့ data တွေကို back-up လုပ်ဖို့ဆိုတာပါဘဲ။
အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပေးသည်။
No comments:
Post a Comment