ဖုန်းတွေမှာပါတဲ့ Call Waiting ဆိုတဲ့စနစ်မှာက ဖုန်းပြောနေတုန်းမှာ အခြားနောက်ထပ်ဖုန်းတစ်လုံးက ၀င်လာခဲ

ဧရာယူနီကုတ်မြန်မာစာစနစ်ထွက်ရှိ



ပြည်တွင်း၊ ပြည်ပမြန်မာယူနီ ကုဒ်ပညာရှင်များ၊ မြန်မာဂရပ်ဖစ် ဒီဇိုင်းပညာရှင်များနှင့် တိုင်းရင်း သားယူနီကုဒ်ကိုလေ့လာနေသော ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်ရှိ ပညာရှင်များမှပူးပေါင်း၍ ဧရာယူနီကုဒ်မြန်မာစာစနစ်ကိုတီထွင် ထုတ်လုပ်ခဲ့ကြောင်းသိရသည်။
ယခုထုတ်ဝေသော ဧရာယူနီ ကုဒ်စာလုံးကို အင်တာနက်တွင် အဓိကအသုံးပြုရန်အတွက် ရည် ရွယ်ထုတ်ဝေထားသော စကားလုံး ဖြစ်ကြောင်း အဆိုပါအဖွဲ့၏၀က်ဘ် ဆိုက်တွင်ဖော်ပြထားသည်။ ဧရာ ယူနီကုဒ်မြန်မာစာလုံးများကို စီးပွား ရေးအရဖန်တီးခဲ့ခြင်းမဟုတ်ဘဲ၊ လွတ်လပ်သောနည်းပညာရင်းမြစ် (open source)  အဖြစ်ဖန်တီးထား ခြင်းဖြစ်သည့်အတွက် အဆိုပါစာ လုံးများအား အဖွဲ့၏ခွင့်ပြုချက်ဖြင့်  မည်သူမဆိုလွတ်လပ်စွာထပ်ဆင့် ပြုပြင်ဖန်တီးနိုင်ကြောင်းသိရသည်။
ဧရာယူနီကုဒ်မြန်မာစာစနစ်ကို အသုံးပြုလိုသူများအနေဖြင့် www.ayarunicodegroup.org  တွင် download  လုပ်ယူနိုင်ပြီး ဧရာယူနီကုဒ်မြန်မာစာစနစ်အား ကွန်ပျူတာအတွင်းသို့ထည့်သွင်း ခြင်း၊ Install  လုပ်ခြင်းနှင့် အခြား သောကိစ္စရပ်များကို ၀က်ဘ်ဆိုက် ရှိထောက်ကူပြုကဏ္ဍတွင် စုံလင် စွာဖော်ပြပေးထားသည်။
ဧရာယူနီကုဒ်အဖွဲ့မှ ရှေ့ဆက် လုပ်ဆောင်မည့် ပရောဂျက်များ မှာ Mac  ကွန်ပျူတာများ အတွက် ဧရာမြန်မာစာစနစ်၊ ကရင်ယူနီကုဒ် စာလုံး၊ ရှမ်းယူနီကုဒ်စာလုံးအစရှိ သည်များကိုဆက်လက်လုပ်ဆောင် လျက်ရှိကြောင်း ၀က်ဘ်ဆိုက်တွင် ဖော်ပြပေးထားသည်။
ဧရာယူနီကုဒ်မြန်မာစာစနစ်နှင့် ပတ်သက်၍ သိရှိလိုသောအချက် အလက်များကို ၀က်ဘ်ဆိုက်မှတ ဆင့်မေးခွန်းများပေးပို့ကာမေးမြန်း နိုင်ရန်လည်း စီစဉ်ဆောင်ရွက်ပေးထားသည်။



အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပေးသည်။

No comments:

Post a Comment