၂၀၁၁ ခုနှစ်အတွက် နည်းပညာသစ်များဖြင့်ပြုလုပ်ထားသော မိုဘိုင်းဖုန်းလိုင်းလွှဲစက်အသစ်တစ်မျိုး ပြည်တွင်းဈေးကွက်အတွင်းသို့ ၀င်ရောက်လာကြောင်းသိရသည်။
အဆိုပါလိုင်းလွှဲစက်မှာ ယခင်ကထွက်ရှိခဲ့သော လိုင်းလွှဲစက်များနှင့် ပုံစံချင်းမတူညီသည့်အပြင် အသုံးပြုနိုင်ပုံချင်းများတွင်လည်း ကွာခြားလျက်ရှိကြောင်း သိရသည်။ ယင်းလိုင်းလွှဲစက်မှာ လိုင်းလွှဲစက်သီးသန့်ပုံစံမျိုးမဟုတ်ဘဲ ဟန်းဖုန်းတစ်လုံးအနေဖြင့်ပါ ကိုင်ဆောင်အသုံးပြုနိုင်မည်ဖြစ်သည်။ အဆိုပါလိုင်းလွှဲစက်၏အမျိုးအစားမှာ Vtech LS6245 ဖြစ်ပြီး Bluetooth စနစ်သုံး လိုင်းလွှဲစက်အမျိုးအစားတစ်ခုဖြစ်သည်။ ၎င်းစက်တွင် လိုင်းခွဲစနစ်များအနေဖြင့် သုံးလိုင်းခွဲကာ အသုံးပြုနိုင်မည်ဖြစ်ပြီး လိုင်းဖုန်း
(ကြိုးဖုန်း)တစ်လိုင်းနှင့် မိုဘိုင်းဖုန်း၊ ဟန်းဖုန်းနှစ်လိုင်း စုစုပေါင်းသုံးလိုင်းခွဲကာ အသုံးပြုနိုင်မည်ဖြစ်သည်။ ယင်းစက်တွင် အထိုင်စက်နှင့် ဟန်းဆက်နှစ်ခုတွဲပါဝင်ပြီး အထိုင်စက်တွင် လိုင်းဖုန်းချိတ်ဆက်ရန်အတွက် လိုင်းဖုန်းပေါက်တစ်ပေါက်ပါဝင်ပြီး မိုဘိုင်းဖုန်းဟန်းဆက်များအား Bluetooth စနစ်ဖြင့် ချိတ်ဆက်အသုံးပြုရမည်ဖြစ်သည်။ အထိုင်စက်အား ပါဝါဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် Bluetooth စနစ်မှ အလိုအလျောက်ချိတ်ဆက်ထားမည်ဖြစ်ပြီး မိမိတို့၏ မိုဘိုင်းဖုန်းများအား စက်နှင့် အနည်းဆုံးပေသုံးဆယ်ခန့်အကွာအဝေးထိ ထားရှိနိုင်မည်ဖြစ်သည်။ မိုဘိုင်းဖုန်းများနှင့် အထိုင်စက် ချိတ်ဆက်မိပါက စက်တွင်ပါဝင်သောဟန်းဆက်အား ယူဆောင်ကာအသုံးပြုနိုင်မည်ဖြစ်သည်။ ယင်းဟန်းဆက်တစ်လုံးတည်းဖြင့်ပင် လိုင်းဖုန်းနှင့် မိုဘိုင်းဖုန်းနှစ်လုံးအား တစ်ပြိုင်နက်အသုံးပြုနိုင်မည်ဖြစ်သည့်အပြင် ယင်း Bluetooth လိုင်းလွှဲဟန်းဆက်အား မိုဘိုင်းဖုန်းများ၊
အထိုင်စက်များနှင့် မီတာတစ်ထောင်ခန့်ထိ သယ်ဆောင်အသုံးပြုနိုင်မည်ဖြစ်သည်။ ယင်းလိုင်းခွဲစက်တွင်ပါဝင်သော ဟန်းဆက်တစ်ခုတည်းဖြင့်ပင် ချိတ်ဆက်ထားသောလိုင်းဖုန်းနှင့် မိုဘိုင်းဖုန်းများအားလုံးအား အသုံးပြုနိုင်မည်ဖြစ်ခြင်းကြောင့် ဖုန်းများအများအပြား သယ်ဆောင်သွားရန်မလိုအပ်ပဲ အလွယ်တကူအသုံးပြုနိုင်မည်ဖြစ်သည်။ မိမိချိတ်ဆက်ထားသော ဖုန်းသုံးလုံးမှ မည်သည့်ဖုန်းက ဖုန်းဝင်လာသည်ဖြစ်စေ ရောက်ရှိရာနေရာအကွာအဝေးမှ သိရှိနိုင်ပြီး ဖုန်းကိုင်နိုင်မည်ဖြစ်သည်။ အထိုင်စက်နှင့် လိုင်းလွှဲဟန်းဆက်များအားလုံးမှာ Bluetooth စနစ်များဖြစ်သည့်အပြင် LED Back Light စနစ်၊ Capacitive All Touch Screen စနစ်များဖြစ်သည်။ ၎င်းစက်အား အသုံးပြုထားခြင်းအားဖြင့် မိုဘိုင်းဖုန်းများအား
သယ်ဆောင်သွားခြင်းကြောင့် လိုင်းမမိခြင်းအခက်အခဲများအား အကောင်းဆုံးဖြေရှင်းပေးနိုင်မည်ဖြစ်ပြီး ဖုန်းများအား လိုင်းမိရာနေရာတွင်ပင်ထားရှိခဲ့ပြီး အထိုင်စက်နှင့် ပေ ၃၀ ခန့်အကွာတွင် ထားခဲ့နိုင်မည်ဖြစ်ပြီး လိုင်းလွှဲဟန်းဆက်ဖြင့်ပင် သတ်မှတ်ဧရိယာအတွင်း သယ်ဆောင်သွားလာအသုံးပြုနိုင်မည်ဖြစ်သည်။ အဆိုပါလိုင်းခွဲစက်တစ်လုံးဖြင့် ဖုန်းလိုင်းများအား ချိတ်ဆက်ထားပြီး နောက်ထပ်အထိုင် Bluetooth လိုင်းခွဲအသေးလေးများဖြင့် ထပ်မံချိတ်ဆက်ကာ လုပ်ငန်းသုံး၊ ရုံးခန်းသုံး လိုင်းခွဲစနစ်ဖုန်းများအဖြစ်ပါ အသုံးပြုနိုင်မည်ဖြစ်သည်။
ရေးသားသူ - ကိုသက်

No comments:
Post a Comment