ဖုန်းတွေမှာပါတဲ့ Call Waiting ဆိုတဲ့စနစ်မှာက ဖုန်းပြောနေတုန်းမှာ အခြားနောက်ထပ်ဖုန်းတစ်လုံးက ၀င်လာခဲ

ဖုန်း (အမေး။ဖြေ )

Sony Ericsson ဟန်းဆက်ထဲမှာပါတဲ့ Turn To Mute ဆိုတဲ့ Function ကဘာလုပ်တဲ့စနစ်ပါလဲ။
Sony Ericsson ဟန်းဆက်မှာပါတဲ့ Turn To Mute ဆိုတာကတော့ ဖုန်းကိုအသံပိတ်တဲ့စနစ်တစ်ခုပဲ
ဖြစ်ပါတယ်။ ဒီစနစ်က Nokia ဖုန်းတွေထဲမှာဆိုရင်တော့ Silenting Control ဆိုတဲ့စနစ်ပါပဲ။ Snoozing Alarm လို့လည်းခေါ်ကြပါတယ်။

မိုဘိုင်းဟန်းဆက်တွေမှာ Power VR SGX Graphic ဆိုပြီးပါပါတယ်။ အဲဒါက ဘာကိုရည်ရွယ်ပြီး
ပြောတာပါလဲ။
ဒါကတော့ ဟန်းဆက်ထဲမှာပါတဲ့ Graphic CPU ကိုပြောတာဖြစ်ပါတယ်။ ဒီ Graphic CPU က
ရုပ်ပုံတွေကို 3D ပုံရိပ်အဖြစ် မြင်တွေ့နိုင်အောင်ပြုလုပ်ပေးတဲ့ Graphic CPU ပါ။ ဂိမ်းတွေ၊ ဓါတ်ပုံတွေနဲ့ အခြားရုပ်ပုံပိုင်းဆိုင်ရာမြင်ကွင်းတွေကို 3D ရုပ်လုံးအတိုင်း မြင်ရအောင်ပြုလုပ်ပေးမှာဖြစ်ပါတယ်။

Nokia 6600 ဟန်းဆက်ထဲမှာ Music Library ကို Upgrade လုပ်တာ အရမ်းကြာနေပါတယ်။ ပြီးတော့ အချိန်ကြာနေတဲ့အပြင်ကို ပြီးသွားတော့လည်း Music Library ကို ရှာလို့မတွေ့ပါဘူး။ အဲဒါဘာကြောင့်ပါလဲ။
Nokia 6600 ဟန်းဆက်ထဲမှာ Music Library ကို Upgrade လုပ်တာကြာနေတာကတော့ ဖုန်းက အဲဒီသီချင်းဖိုင်ကို မသိတာကြောင့်ဖြစ်ပါတယ်။ Java ဖုန်းတွေမှာ အဲဒီလိုပြဿနာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲဒါဘာကြောင့်လဲဆိုတော့ ဖုန်းရဲ့ Memory Card ထဲကို သီချင်းတွေကိုထည့်တဲ့အချိန်မှာ ကိုယ်တိုင် Folder လုပ်ပြီး ထည့်တာကြောင့်လည်းဖြစ်ပါတယ်။ java ဖုန်းတွေနဲ့ CDMA ဖုန်းတွေမှာ Music ကို အဲဒီလိုထည့်လို့မရပါဘူး။ ဖုန်းရဲ့ Memory Card ထဲမှာ သူ့ဟာနဲ့သူ Folder တွေရှိပြီးသားပါ။ နောက်ထပ် ထပ်ပြီးအသစ်လုပ်စရာမလိုပါဘူး။ ပြီးတော့ သီချင်းဆိုရင်လည်း သီချင်းဖိုင်၊ ဓာတ်ပုံဆိုရင်ဓာတ်ပုံဖိုင် သူ့ဟာနဲ့သူရှိတဲ့အတွက် သူ့ဖိုင်အမျိုးအစားထဲကိုသွားထည့်မှပဲ ဖုန်းကသိပါလိမ့်မယ်။ သူ့ဖိုင်အမျိုးအစားမဟုတ်ပဲ မှားထည့်ထားရင်ပဲဖြစ်ဖြစ် ကိုယ်တိုင် Folder အသစ်လုပ်ပြီး ထည့်ထားရင်ပဲဖြစ်ဖြစ် မရနိုင်ပါဘူး။ အဲဒါကြောင့် ဖုန်းထဲမှာ Music Library ကို ဘယ်လောက်ပဲ upgrade လုပ်လုပ်၊ ဖုန်းကသီချင်းတွေကို ရှာလို့တွေ့မှာမဟုတ်ပါဘူး။ Smart ဖုန်းတွေမှာကတော့ အဲဒီလိုပြဿနာမျိုးတွေမရှိပါဘူး။ Smart ဖုန်းတွေက ကိုယ်ကြိုက်တဲ့ Folder ကိုလုပ်ပြီး ကြိုက်သလိုထည့်နိုင်ပါတယ်။ ဖုန်းကပြန်ရှာပေးနိုင်ပါတယ်။
အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပေးပါတယ်။

1 comment:

  1. ကျွန်တော့် ဖုန်းက HTC(java) china made လေးပါ
    java game တင်တာ မရဘူးဗျာ
    phone memory က 2m လောက်လွတ်ပါတယ်
    sd memory က 2gb လောက်ရှိတာ
    not enough memory ပြောနေတယ်လေ
    အဲဒါ ဘာလုပ်ရမလဲဗျာ
    ပြောပြပါလား
    ကျေးဇူးပါ

    ReplyDelete